Wednesday, November 7, 2018

Products I have used up

မင်္ဂလာပါ။ ဘလော့လေး ဖုန်လာခါတာပါ။ ဒီနေ့တော့ လက်ရှိသုံးနေတဲ့ skin care ထဲက ကုန်သွားတဲ့ product တွေအကြောင်း review လုပ်မယ်နော်။

SK-II Facial Treatment Essence
သုံးလို့ကောင်းသလို ဈေးလဲကောင်းပါတယ်။ ညဘက်လိမ်းပြီး မနက်ဆိုရင် မျက်နှာက ကြည်ပြီး နှာခေါင်းနားတဝှိုက် အသားနီတာတွေ သက်သာပါတယ်။ အနံ့က စစချင်းတော့ မွှေးပေမယ့် အသားပေါ်တင်လိုက်ရင် တစ်မျိုးဖြစ်သွားတယ်။ ကိုယ်ပဲနှမျောပြီး အကြာကြီးနေမှ လိမ်းလို့လားမပြောတတ်ဘူး။ ပထမပုလင်းရော ဒုတိယပုလင်းပါ အနံ့က တစ်မျိုးကြီးပဲ။ ထပ်ဝယ်ဦးမလားဆိုရင်တော့ မဝယ်တော့ပါဘူး။ SK-II ပစ္စည်းတွေက အာရှဘက်မှာပိုတန်ပေမယ့် အနောက်ဘက်အရပ်မှာတော့ ဈေးအရမ်းများပါတယ်။ အခွန်ပါထည့်တွက်ရင် 160 ml ကို $200 နီးပါးလောက်ကျတယ်။ SK-II က Cruelty free brand မဟုတ်ပါဘူး။

Mario Badescu Aloe Vera Toner
မကြိုက်ပါဘူး။ လိမ်းရတာအဆင်ပြေပေမယ့် မျက်နှာသစ်ပြီးပေမယ့် ကျန်နေသေးတဲ့ အညစ်အကြေးတွေ အကုန်လုံးကို မဖယ်ရှားပေးဘူးလို့ထင်တယ်။ နောက်ပြီး ဆားဝက်ခြံတွေလဲ မလျော့သွား မသေးသွားပါဘူး။ ချွေးပေါက်တွေလဲ မကျဉ်းသွားပါဘူး။ Mario Badescu ရဲ့ အားသာချက်ကတော့ cruelty free ပါ။ Animals testing မလုပ်ပါဘူး။ ဈေးလဲအရမ်းမကြီးပါဘူး။ 236 ml ကို $15 ပါ။

Caudalie Vinoperfect Radiance Serum
ဆောင်းတွင်းမှာ အသားအရေခြောက်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ အဆီပါဝင်မှုများတဲ့အတွက် နွေရာသီ ဒါမှမဟုတ် ရာသီဥတုပူတဲ့ ဒေသတွေမှာဆိုရင်တော့ အဆင်မပြေလောက်ဘူးထင်တယ်။ သူ့ကိုတော့ toner လိမ်းပြီးရင် လိမ်းပေးပါတယ်။ လက်ဖဝါးနှစ်ဖက်နဲ့  အသားထဲစိမ့်ဝင်အောင် ဖွဖွလေးဖိပြီး လိမ်းပေးပါတယ်။ မနက်အိပ်ရာနိုးရင် အသားအရည်မခြောက်ပဲ စိုစိုလေးဖြစ်နေသလို နှာခေါင်းတဝှိုက်နဲ့ နှုတ်ခမ်းထောင့်က အသားအရည် နီနေတာတွေ သက်သာပါတယ်။ သူကတော့ သူ့ကြီးပဲ သပ်သပ်ဝယ်မယ်ဆို 30 ml တစ်ပုလင်းကို $79 ပါ။ Christmas နားနီးရင် ထုတ်တဲ့ set လေးဝယ်ရင် ပိုတန်ပါတယ်။ Full size ရသလို ဒီတံဆိပ်ကထုတ်တဲ့ တခြားပစ္စည်း ၂မျိုး mini size ရပါတယ်။ ဈေးကလဲ အတူတူပါပဲ။

Estee Lauder Advance Night Repair
အသားရည်ထဲစိမ့်ဝင်မှုအား အရမ်းကောင်းပါတယ်။ ခဏလေးနဲ့ခြောက်သွားပြီး စေးကပ်ကပ် မဖြစ်ပါဘူး။ မြန်မာပြည်ရာသီဥတုနဲ့ ပိုအဆင်ပြေပါတယ်။ အသားအရည် အရောင် ညှိပေးတဲ့အပြင် wrinkles ဖြစ်တာတွေကို ကာကွယ်ပေးပါတယ်။ အနံ့လေးကလဲ သင်းသင်းလေးပါ။ ဈေးကတော့ 30 ml ကို $68 နဲ့ 50 ml ကို $98 ပါ။ Estee Lauder websit မှာတော့ animals testing မလုပ်ဘူးလို့ ရေးထားပေမယ့် တရုတ်ဈေးကွက်ကို ဝင်တာကြောင့် သူတို့ထုတ်ထားတဲ့ ဥပဒေအရ animals tested လုပ်ပြီးမှ ဈေးကွက်ပေါ်တင်လို့ရပါတယ်။ Cruelty free ဖြစ်တယ်လို့ တပ်အပ်မပြောနိုင်ပါဘူး။

Caudalie Beauty Elixir
စစဝယ်ချင်းတုန်းကတော့ အနံ့ကိုလုံးဝမခံနိုင်ဘူး။ ဆေးနံ့နဲ့တူလို့။ သူကတော့ moisturizer မလိမ်းခင်မှာ ဖျန်းလို့ရသလို တစ်နေ့တာအတွင်း လိုမယ်ထင်ရင် ဖျန်းလို့ရပါတယ်။ သုံးရင်း သုံးရင်းနဲ့တော့ အနံ့ကိုကြိုက်လာတယ်။ ဖျန်းပြီးရင် အသားအရည် ညစ်နေတာလေး တော်တော်ကို လျော့သွားပါတယ်။ မျက်နှာလဲ ပြောင်ပြောင်လေး (အဆီပြန်သလို ပြောင်တာမဟုတ်ဘူးနော်) ဖြစ်သွားတယ်။ နောက်ပြီး စိတ်ထင်လို့လားတော့ မသိဘူး၊ အလုပ်မှာ အိပ်ချင်ရင် ဒါလေးဖျန်းလိုက်တော့ လန်းဆန်းသွားသလိုပဲ။ Mini size 18 ml ကို $18 ပါ။ Full size 100 ml ကို $48 ပါ။ သူလဲ Christmas နားနီးရင် ထုတ်တဲ့ set လေးတွေဝယ်ရင် ပိုတန်ပါတယ်။ Caudalie ရဲ့ website မှာ against animals testing လို့ရေးထားပေမယ့် တရုတ်ဈေးကွက်ကို ဝင်တဲ့အတွက် တရုတ်အစိုးရရဲ့ စည်းကမ်းလိုအပ်ချက်အရ animals testing လုပ်ပြီးမှ သူတို့ဈေးကွက်ထဲ ပေးတင်ပါတယ်။ လုံးဝဥသုံ cruelty free brand တော့ မဟုတ်ပါဘူး။

No comments:

Post a Comment