Monday, September 12, 2016

Beauty Haul

အားလုံးပဲ မင်္ဂလာပါ...

ဘလော့ဂ်ကိုလဲ ပစ်ထားတာ တော်တော်ကြီးကို ကြာနေပြီ...ရေးမယ်လုပ်လိုက် တစ်ခြားလုပ်စရာတွေ ပေါ်လာလိုက်...ရေးဖို့စဉ်းစားထားတာတွေလဲ အများကြီးကို ရေးဖို့ပျင်းနေတာလဲပါတယ်ပေါ့။ ဒီပို့စ်ကိုလဲ ရေးဖို့ပြင်နေတာ ဇွန်လကတည်းက။ အခုပဲ စက်တင်ဘာတောင်ရောက်နေပြီ။ ဒီနေ့တော့ စိတ်ပါလက်ပါနဲ့ ပြီးအောင်ရေးမယ်လို့ ဆုံးဖြတ်ထားတယ် (အိပ်မငိုက်သေးရင်ပြောပါတယ် ^_^)။

ဒီပို့စ်ကို ကြွားတယ်လို့တော့ မထင်စေချင်ပါဘူးနော်...ဒါကတော့ စကားချပ်ပေါ့။

ကဲ...စပြီနော်....မွေးနေ့က ဇွန်လထဲမှာဆိုတော့ Sephora မှာ ဘာပစ္စည်းပဲဝယ်ဝယ် (ဘာမှမဝယ်ပဲလဲရပါတယ်) မွေးနေ့လမို့လို့ သူတို့ပေးတဲ့ freebies လေးတွေထဲက ကိုယ်ကြိုက်ရာ ရွေးယူလို့ရပါတယ်။ ဒီနှစ်အတွက်ကတော့ Fresh skincare ဒါမှမဟုတ် Marc Jacobs cosmetic ၂မျိုးထဲက ကြိုက်ရာတစ်မျိုး ရွေးလို့ရတယ်ဆိုတော့ ကိုယ်လဲတစ်ခါမှမသုံးဖူးတဲ့ Marc Jacobs ပဲရွေးလိုက်တယ်။ ပုံထဲမှာတော့ နည်းနည်းကြီးသလိုထင်ရပေမယ့် တစ်ကယ်လဲရောက်လာရော နှုတ်ခမ်းနီတောင့်လေးက လက်သန်းလောက်လေးနဲ့ eyeliner ကတော့ လက်ဝါးတစ်ဝက်စာလောက်လေးရယ်။ အလကားရတာဆိုတော့လဲ ဒီလောက်တော့ရှိမှာပေါ့နော်။ သုံးတော့မသုံးရသေးဘူး။ ရန်ကုန်ပြန်ဖြစ်ရင်လဲ ညီမလေးအတွက် လက်ဆောင်ပေးမလားလို့။

ဒီလိုနဲ့ website မှာ ဘာပစ္စည်း အသစ်တွေများထွက်သလဲဆိုတာမွှေတော့ Benefit ကအသစ်ထုတ်တဲ့ မျက်ခုံးမွှေးဆွဲတာလေး ကြော်ငြာတွေ့တာနဲ့ ဝယ်ဖြစ်လိုက်ပါတယ်။ Travel size လေးပါ။ သူလဲသေးသေးလေးပဲ။ သုံးလို့တော့မဆိုးဘူး။ တစ်နေကုန်ခံပါတယ်။ အရောင်ကတော့ နံပါတ်၃ပါ။ ဘယ်ပစ္စည်းမဆို တစ်ခါမှ မသုံးဖူးရင် travel size တွေပဲ အရင်ဝယ်သုံးဖို့ အကြံပေးပါတယ်။ ဒါမှကိုယ်နဲ့ တည့်မတည့်၊ အဆင်ပြေမပြေဆိုတာသိမှာလေ။ 




ကိုယ်တွေကပါးနီကြိုက်တဲ့သူဆိုတော့ Nars ကထုတ်တဲ့ Orgasm blush limited edition တွေ့တာနဲ့ ခြင်းထဲထည့်မိပြန်ရော။ အဲ့ဒီတံဆိပ်လဲ တစ်ခါမှမသုံးဖူးတော့ စမ်းကြည့်ချင်တာလဲပါတာပေါ့။ ဒီပါးနီက လူကြိုက်များတဲ့အထဲမှာပါတယ်။ အသားအရောင်မရွေးသုံးရတာ အဆင်ပြေတယ်လို့ review တော်တော်များများလဲဖတ်ဖူးတော့ ဝယ်ဖို့ချိန်နေတာ တော်တော်ကြီးကိုကြာပြီ။ ဒီဟာလေးက ပုံမှန်ထက်လဲဆိုဒ်နည်းနည်းပိုကြီးတယ်ဆိုတော့ မျက်စိမှိတ်ပြီး ဝယ်လိုက်တော့တယ်...လိုချင်နေတာကိုး။


ဒါလေးကတော့ အလုပ်က အန်တီကြီးပေးတာ။ Amway Light Up Lip Gloss in Glitz ပါ။ သူက ဗူးပေါ်မှာ မှန်လေးလဲပါတဲ့အပြင် နှုတ်ခမ်းဆိုးတံလေး ဆွဲထုတ်လိုက်ရင် မီးလင်းတယ်။ ညဘက်မှောင်လို့ နှုတ်ခမ်းနီဆိုးချင်ရင် မပူရတော့ဘူးပေါ့။ နှုတ်ခမ်းနီအရောင်က လှပေမယ့် နှုတ်ခမ်းသားအရောင်နဲ့ သိပ်မလိုက်ဘူးလို့တော့ စိတ်ထဲမှာထင်တာပဲ။ ပုလဲနည်းနည်းများတာတော့ သိပ်တော့မကြိုက်ဘူး။ 


ဒီပုံထဲက Hair Spray က Ulta ကအလကားရတာ။ သူလဲ မွေးနေ့လဆိုရင် ပစ္စည်းတစ်ခုခု အလကားပေးတယ်။ ဒီဆိုင်မှာလဲ Sephora လိုပဲ ဘာမှဝယ်စရာမလိုပါဘူး။ ဒါပေမယ့် ကောင်တာမှာဘာမှမဝယ်ပဲ ဒီအတိုင်းသွားယူရမှာ မျက်နှာပူတာနဲ့ လက်သည်းနီလေး တစ်ပုလင်းဝယ်လာလိုက်တယ်။ တံဆိပ်က Zoya တဲ့။ ပုံမှန်စျေးဆို တစ်ပုလင်းကို $9 ရှိပါတယ်။ ဝယ်လာတဲ့ပုလင်းကတော့ clearance ထဲကသွားမွှေလာတာ။ ကပ်ထားတဲ့စျေးကတော့ $4.95 ပေမယ့် ကောင်တာမှာ ပိုက်ဆံရှင်းတော့ $2 ပဲကျတယ်...ပျော်သွားတာ...တန်လို့။ =)


ဒီပို့စ်တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်နော်။ အားလုံးပဲ ကောင်းသောနေ့လေး ဖြစ်ပါစေ။

No comments:

Post a Comment