Friday, June 28, 2013

ဘဝတစ်ကွေ့

လူလဲ ကျောင်းနဲ့ စာမေးပွဲတွေနဲ့ ရှုပ်နေတာ အခုမှပဲ အားတော့တယ်။ ဘလော့ဂ်လေးတောင် ဝင်မရေးဖြစ်တာ ကြာလှပြီ။ လာလည်တဲ့သူများအားလုံးပဲ မင်္ဂလာပါနော်။ ကျန်းမာတော်မူစပါရှင်...(ဦးထွန်းလွင် လေသံမျိုးနဲ့ ပြောလိုက်တာ) ^_^ ဘလော့ဂ်လဲ ဘာရေးရမှန်းမသိတာနဲ့ သီချင်းစာသား video လေးပဲ အသစ်လုပ်ပြီး တင်ပေးလိုက်ပါတယ်နော်။ သီချင်းက ထွက်တာနည်းနည်းကြာပြီဆိုပေမယ့် youtube မှာလဲ သီချင်းစာသား video လုပ်ထားတာ မတွေ့သေးဘူး။ နောက်ပြီးတော့ အားလုံးလဲ အတူတူလိုက်ဆိုလို့ ရအောင် ပြန်ပြီး  share လိုက်ပါတယ်နော်။ youtube channel မှာတော့ တစ်ခြား သီချင်း video လေးတွေလဲ တင်ထားပါတယ်။ အလည်သွားလို့ ရပါတယ်။ (ဘာရယ်တော့ မဟုတ်ဘူး...ကြော်ငြာဝင်တာ) ^_^

ဘဝတစ်ကွေ့ အခွေထဲက အိုင်ရင်းဇင်မာမြင့်၊ မြင့်မြတ် နှင့် ကောင်းကောင်း တို့ သုံးယောက် ဆိုထားတဲ့ သီချင်းလေးပါ။ သီချင်းရဲ့ နာမည်ကလဲ ဘဝတစ်ကွေ့ ပါပဲ။ အားလုံးပဲ ကြိုက်မယ်လို့ထင်ပါတယ်နော်...

ဘဝတစ်ကွေ့ <----- ဒါကတော့ youtube link ပါ...

Update:

Youtube အကောင့်ထဲ ဒီနေ့ဝင်ကြည့်မိလိုက်တော့ Copyright Notice ဆိုတာကြီး ပေါ်နေလို့ လန့်သွားတာပဲ။ ဘာများ လုပ်မိပါလဲပေါ့။ တင်ထားတဲ့ သီချင်းတွေကလဲ အားလုံး မြန်မာသီချင်းတွေကြီးပဲဆိုတော့ မရှိလောက်ဘူးလို့ ထင်နေတာ။ ဝင်ကြည့်လိုက်တော့မှ ပြီးခဲ့တဲ့ လ ကတင်ထားတဲ့ ဘဝတစ်ကွေ့ သီချင်းက အရှေ့ပိုင်း စက္ကန့် ၃ဝ ကလွဲလို့ သီချင်းဆုံးတဲ့အထိ လုံးဝကို တူနေပါတယ် ဆိုပြီး တူတဲ့သီချင်းနာမည်ကြီးနဲ့တကွ notice ပေးထားတော့တာပဲ။ Your video is playable  ဆိုပေမယ့် ပြဿနာ မတက်ချင်တဲ့ အတွက်ကြောင့် video ကို delete လိုက်ပါတယ်။ ကိုယ်ကတော့ အပျော်တမ်း သီချင်း lyric videos လေးတွေ တင်ပေမယ့်...သူတို့က copyright ဆိုတာကြီးနဲ့ ကိုင်ပေါက်တော့ ဘာမှ မတတ်နိုင်ဘူး ဖြစ်တာပေါ့။ အဲ့ဒီလိုမျိုး သုံးခါဖြစ်ရင် အကောင့်ကို suspend လုပ်လိုက်မှ ရှိသမျှ video လေးတွေ ကုန်သွားမှာကလဲ စိုးတယ်။ နှမျောတော့ နှမျောတယ်။ အချိန်ကုန်ခံပြီး လုပ်ထားရတာ။ သီချင်းစာအုပ်ကို ကြည့်ပြီး လုပ်တာမဟုတ်ပဲ...နားထောင်လိုက်...ခဏရပ်ပြီး စာရိုက်လိုက်...အားလုံးပြီးသွားပြီဆိုရင် စာလုံးပေါင်းတွေ သေချာပြန်စစ်၊ စာသားတွေ မှန်မမှန် သေချာပြန်စစ်နဲ့ လုပ်ထားရတာ။ စိတ်ထဲမှာလဲ ကသိကအောက်တော့ ဖြစ်သွားတယ်။ သီချင်းက ကော်ပီမဟုတ်လောက်ဘူးလို့ ထင်ထားတာကိုး...မြန်မာသီချင်းတွေ တော်တော်များများက ကော်ပီတွေ ဆိုတာကို နားလည်ပါတယ်။ ကော်ပီဆိုတာတွေ ရပ်လိုက်ကြရင် အရမ်းကောင်းမှာပဲလို့ တစ်ခါတစ်လေလဲ တွေးမိတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် အခုရောက်နေတဲ့အရပ်မှာ မြန်မာသီချင်းတွေကို ကျယ်ကျယ်မဖွင့်ရဲဘူး။ နင်တို့ မြန်မာအဆိုတော်တွေမှာ ကိုယ်ပိုင်သီချင်းတွေ မရှိဘူးလားလို့ အမေးခံရမှာစိုးလို့။ ကိုဆောင်းဦးလှိုင်၊ ကိုထူးအိမ်သင်တို့လို ကိုယ်ပိုင်သီချင်းပဲ ဆိုတဲ့သူတွေ ရှိကြပါတယ်။ ဒါပေမယ့် ရှားတယ်လေ။ အဆိုတော်တွေ အားလုံးကို ဝါးလုံးရှည်နဲ့ ပတ်ရမ်းတာတော့ မဟုတ်ပါဘူး။ သူများကို လက်ညှိုးထိုးနေပြီး ကိုယ်ကိုယ်တိုင် သီချင်းရေးကြည့်ပါလား ဆိုပြီး စကားနာထိုးချင်ရင်လဲ ရပါတယ်။ စိတ်မဆိုးပါဘူး။ ရေးမှ မရေးတတ်တာ။ တေးရေးဆရာတွေကိုလဲ အပြစ်မတင်ပါဘူး။ အဆိုတော်တွေကိုလဲ အပြစ်မတင်ပါဘူး။ ကော်ပီသီချင်းတွေ သိပ်မရေး၊ သိပ်မဆို ပါနဲ့လို့ တောင်းဆိုချင်တာလေး တစ်ခုထဲပါ။ အခုတော့ video မလုပ်ခင် ကော်ပီ ဟုတ်မဟုတ် သေချာလိုက်ရှာပြီးမှ လုပ်ရမယ့်ပုံပေါက်နေပြီ။ :(

No comments:

Post a Comment