Monday, March 4, 2013

ကြွက်ကိုက်ဒီဇိုင်း

        မနေ့က တစ်နေကုန် ဘာလုပ်လို့လုပ်ရမလဲ မသိတာနဲ့ (အမှန်က စာလုပ်စရာတွေ တစ်ပုံကြီး) :P youtube တစ်နေကုန် ထိုင်မွှေပလိုက်တယ်။ ရှေ့ဆံပင်တွေကလဲ ရှည်နေပြီ။ ညှပ်ချင်နေတာကလဲကြာပြီ။ ဆံပင်ညှပ်ဆိုင်သွားရင်လဲ ပိုက်ဆံကုန်ပါတယ်လေဆိုပြီး ရှည်နေတာတွေကို ကိုယ်တိုင်ညှပ်မယ်လို့တွေးပြီးတော့ ညှပ်နည်း တွေတစ်ခုပြီးတစ်ခု စိတ်တိုင်းကျတာကိုရှာ။ ပုံမှန်ညှပ်နေကျ ဘေးခွဲဝိုက်ဝိုက်လေး (side swept bangs) ညှပ်ရင်ကောင်းမလား။ ဒါမှမဟုတ် blunt bang ပဲညှပ်ရင်ကောင်းမလားနဲ့။ နောက်ဆုံး blunt bang ညှပ်ကြည့်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီး သကာလ...ကပ်ကြေးယူ၊ ဘေစင်ထဲမှာ စက္ကူခင်းပြီး ကြည့်ထားတဲ့ video ထဲကအတိုင်းညှပ်လိုက်တာ အညှပ်လွန်ပြီး အောက်ဆုံးကပုံစံထွက်လာတော့တာပဲ။ တစ်ကယ်ကို ကြွက်ကိုက်သွားတဲ့ဒီဇိုင်း။ မနက်ဖြန် ကျောင်းသွားရင် ဆံပင်ကို ကြည့်ကောင်းအောင် ဘယ်လိုပုံစံမျိုး ပြင်ပြီးသွားရမလဲတောင် သိတော့ဘူး။ တော်ပြီ....နောက်ဆို ကိုယ်သန်ရာသန်ရာ  ဘေးခွဲဝိုက်ဝိုက်လေး (side swept bangs) ပဲညှပ်တော့မယ်။ ကိုယ့်အစွမ်းအစကိုတော့ တော်တော်ကြီးကို စိတ်ကုန်သွားတယ်။ :D

image from Google
လိုချင်တာက ဒီလိုလေး
image from Google
ထွက်လာတာက ဒီလိုကြီး


No comments:

Post a Comment