မေ ၃၁ တဲ့...အခုရောက်နေတဲ့အရပ်ကတော့ ဦးမျိုးကျော့ကြီးရဲ့သီချင်းလို မိုးတွေမကြွေပဲ နေတွေတော့ ကျဲကျဲတောက်ပူနေပါရောလား။ ရာသီဥတုက နေ့ဆိုရင် ၉ဝဒီဂရီလောက်ပူ၊ ညဘက်တွေဆို ၆ဝဒီဂရီလောက်နဲ့ အေးစိမ့်စိမ့်။ ရာသီဥတုကမမှန်တော့ အပူတွေကန်ပြီး နဖူးမှာဟိုနားနည်းနည်း၊ ဒီနားနည်းနည်းနဲ့ ဖုတွေကထွက်။ ကိုယ့်စိတ်ကို မထိန်းနိုင်တော့ ဖုတွေညှစ်မိ။ ညှစ်မိတော့ ပိုဆိုးနဲ့ ပတ်လည်ရိုက်နေတော့တာပဲ။ တစ်ခါတလေ စဉ်းစားမိတယ်...ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရ ဆိုတဲ့ စကားက အရမ်းကိုမှန်တာပဲ။ ဘယ်သူမဆို ကိုယ့်မြေ၊ကိုယ့်ရေမှာ နေချင်ကြတာကြီးပါပဲ။ မြန်မာပြည်ကနေ လေယာဉ်စီးရင်တောင် ဘယ်လောက်မှ မကြာတဲ့ စင်ကာပူကို ရောက်နေတဲ့မြန်မာပြည်က လူတွေတောင် ကိုယ့်တိုင်းပြည်ကိုလွမ်းကြတာ။ မိုးညိုလိုမျိုး ကမ္ဘာကြီးရဲ့ ရှေ့နဲ့နောက်၊ မိုင်ထောင်ချီဝေးတဲ့ နေရာကဆို ပိုဆိုးတာပေါ့။ အသိသူငယ်ချင်းတွေထဲက နှစ်တိုင်းမြန်မာပြည်ပြန်တဲ့ သူတွေကိုဆို မနာလိုလိုက်တာ။ ကိုယ်ကမှ မပြန်ရတာ။ မနာလိုတာတော့ မဆန်းပါဘူးနော့်။ နိုင်ငံရပ်ခြားရောက်နေတဲ့ လူတိုင်း၊လူတိုင်းမှာ ဒီခံစားချက်လေးတော့ ရှိမယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ်လေ...တစ်နေ့နေ့တော့ ရောက်လာမှာပါဆိုတဲ့ စိတ်နဲ့ပဲ နေရတာပေါ့။ အဲ့ဒီတစ်နေ့ကို မျှော်လင့်ရင်းနဲ့ပဲ....
Thursday, May 31, 2012
လွမ်းတယ် မြန်မာပြည်ကြီးရယ်

Saturday, May 19, 2012
သြော် လူ့ပြည်လောက၊လူ့ဘဝကား
အိုရနာရ၊သေရဦးမည်
မှန်ပေသည်တည့်။
သို့ တပြီးသား၊ သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတတ်မြင့်၊ ကျန်ကောင်းသင့်၏
သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။
ဇော်ဂျီ(အိုးဝေမဂ္ဂဇင်း ၁၉၃၅)
ပွဲသိမ်းခရာ မမှုတ်သေးခင်
မန်ယူ ရှုံးပြီလို့ မပြောပါနဲ့ဦး။
ကျားသစ်ဆိုတာ
အရေခွံဆုတ်ပြီးမှ
တကယ်သေပြီလို့ အတည်ပြုနိုင်တယ်။
ပိုးဟပ်တစ်ကောင်ဟာ
ခေါင်းမပါဘဲနဲ့
ရက်အတော်ကြာ အသက်ရှင်နိုင်သေး ဆိုပဲ။
အသက်ရှူ ရပ်သွားတာတောင်
ဦးနှောက် အလုပ်လုပ်နေရင်
သေပြီလို့ မဆိုနိုင်သေးဘူး။
ငါ့နှလုံးခုန်သံ ယဲ့ယဲ့လေးပဲ ကျန်တော့လို့
မင်း သိပ်ပျော်နေလားဟင်။
စိတ်ချ...
နောင်ဘဝကျရင်လည်း
ငါ မင်းကိုပဲ ပြန်ချစ်ဦးမှာ။
တန်ဖိုးရှိတဲ့ မိန်းမဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက် ဟောင်းနွမ်းစုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်း အရသာရှိတယ်လေ။
မင်းလူ
Subscribe to:
Posts (Atom)